(၁) မြန်မာနိုင်ငံရှိ လယ်သမားများသည်စိုက်ပျိုးရေးကိုယခင်ကထက် စာလျှင်
မိမိ၏စိုက်ပျိုးမြေ မပျတ်စီးရေးနှင့်ရေရှည်ကောင်းမွန်စေသော ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို စတင် စိတ်ဝင်စားသည့်အခြေနေတွင်သာ ရှိနေသေးပြီးစနစ်ကျ၍ ကောင်းမွန်သော မှန်ကန်သော နည်းပညာကိုစိတ်ဝင်စားခြင်းကား လျော့နည်းနေသည့်အခြေနေမှာရှိနေတုန်းပဲဆို တာကတော့ မငြင်းနိုင်သေးသောအမှန်တရားဖြစ်ပါသည်။
(၂)ခိုင်မာမှုမရှိသေးသော သီးနှံဈေးကွက်နှင့် ငွေကြေးအခတ်အခဲများကြောင့် စိတ်ပျတ်လက်ပျတ် ဖြစ်နေကြပြီး အကြွေးရသော ဆိုင်များမှ ထိုးပေးသမျှ ပစ္စည်းများကိုသာ ကောင်း၏မကောင်း၏ကံသည်သာ ဖြစ်တော့စည်ဟူ၍ မျတ်လုံးစုံမှိတ် သုံးစွဲနေရသည့် စိုက်ပျိုးရေး ဆေးနှင့်မြေသြဇာ များကြောင့် အထွက်နူန်း တိုးသင့်သလောက်မတိုးခြင်းနှင့်အတူ စိုက်ပျိုးရေးနှင့်ပတ်သတ်သည် စနစ်တကျ သုံးစွဲရေးနည်းပညာများကို လေ့လာနေလဲမထူးပါဘူးဆိုသည့် အတွေးအမြင်များလဲ ဖြစ်ပေါ်နေကြပါတော့တယ်။
(၃)ယခု စာကို ရေးသားရခြင်းမှာ မိမိသည် ငွေကြေးအဆင်မပြေ၍ စိုက်ပျိုးရေးနှင့်ပတ်သတ်သည့်အရည်အသွေးကောင်းသောဆေးနှင့် မြေသြဇာများ အသုံးမပြုနိုင်သော်လဲ နည်းစနစ်ကျသော အစာကျွေးနည်းစနစ် အကြောင်းကိုတော့ စိတ်ဝင်တစား ဖတ်ရှုခြင်း တခြားအသိလယ်သမားများအား ဖြန့်ဝေပေးခြင်းဖြင့်ယခု ရေးသားမည့်စာကို အကျိုးရှိစွာ အသုံးချစေလိုပါတယ်။
ပင်ပွားစီးချိန်
(၃)စပါးစေ့တွင်းနို့ရည်တည်ချိန်နှင့်ရင့်မှည့်ချိန်
စပါးသက် ရက်၂၀သားမှ ရက် ၆၀ အတွင်း ၂ကြိမ်း သုံးကြိမ်ခန့်ကြဲပတ်ရန် အကြံပြုလိုပါတယ်။
Unicode
စပါးအတွက်မြေသြဇာ စနစ်တကျ ကျွေးနည်းစနစ် များ
(၁) မြန်မာနိူင်ငံရှိ လယ်သမားများသည်စိုက်ပျိုးရေးကို ယခင်ကထက် စာလျှင်
မိမိ၏စိုက်ပျိုးမြေ မပျတ်စီးရေးနှင့်ရေရှည်ကောင်းမွန်စေသော ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို စတင် စိတ်ဝင်းစားသည့်အခြေနေတွင်သာ ရှိနေသေးပြီးစနစ်ကျ၍ ကောင်းမွန်သော မှန်ကန်သော နည်းပညာကိုစိတ်ဝင်စားခြင်းကား လျော့နည်းနေသည့်အခြေနေမှာတော့ ရှိနေတုန်းပဲဆိုတာကတော့ မငြင်းနိူင်သေးသောအမှန်တရားဖြစ်ပါသည်။
(၂)ခိုင်မာမှုမရှိသေးသော သီးနှံဈေးကွက်နှင့် ငွေကြေးအခတ်အခဲများကြောင့် စိတ်ပျတ်လက်ပျတ် ဖြစ်နေကြပြီး အကြွေးရသော ဆိုင်များမှ ထိုးပေးသမျှ ပစ္စည်းများကိုသာ ကောင်း၏မကောင်း၏ကံသည်သာ ဖြစ်တော့သည်ဟူ၍ မျတ်လုံးစုံမှိတ် သုံးစွဲနေရသည့် စိုက်ပျိုးရေး ဆေးနှင့်မြေသြဇာ များကြောင့် အထွက်နူန်း တိုးသင့်သလောက်မတိုးခြင်းနှင့်အတူ စိုက်ပျိုးရေးနှင့်ပတ်သတ်သည် စနစ်တကျ သုံးစွဲရေးနည်းပညာများကို လေ့လာနေလဲမထူးပါဘူးဆိုသည့် အတွေးအမြင်များလဲ ဖြစ်ပေါ်နေကြပါတော့တယ်။
(၃)ယခု စာကို ရေးသားရခြင်းမှာ မိမိသည် ငွေကြေးအဆင်မပြေ၍ စိုက်ပျိုးရေးနှင့်ပတ်သတ်သည့်အရည်းအသွေးကောင်းသောဆေးနှင့် မြေသြဇာများ အသုံးမပြုနိူင်သော်လဲ နည်းစနစ်ကျသော အစာကျွေးနည်းစနစ် အကြောင်းကိုတော့ စိတ်ဝင်တစား ဖတ်ရှုခြင်း တခြားအသိလယ်သမားများအား ဖြန့်ဝေပေးခြင်းဖြင့်ယခု ရေးသားမည့်စာကို အကျိုးရှိစွာ အသုံးချစေလိုပါတယ်။
(၄)စပါးကိုအပိုင်းသုံးပိုင်း ခွဲခြားပြပါမယ်
(၁) ပင်ပိုင်းကြီးထွားချိန်နှင့်အနှံဖြစ်မည့်အ
ပင်ပွားစီးချိန်
(၂)အနှံသန္ဓေစတင်ဖြစ်ပေါ်ချိန်နှင့်မျိုးပွား
ခြင်း/စပါးပန်းပွင့်ချိန်
(၃)စပါးစေ့တွင်းနိူ့ရည်တည်ချိန်နှင့်ရင့်မှည့်ချိန်
*(၁)ပင်ပိုင်းကြီးထွားချိန်နှင့် အနှံပါပင်ပွားစီးချိန်
စပါးကြဲခင်းများ ခေတ်စားလာသည့်အချိန်ဖြစ်သည့်အားလျော်စွာ စပါးမကြဲမီတွင် ပေါင်းသတ်ဆေးအကြမ်းတစ်ထပ် ဖျန်းသင့်ပါတယ် စပါးကြဲပြီး တစ်လအတွင်းမှာလဲ ပေါင်းမြတ်ကင်းစင်ရေးရွေးခြယ်ပေါင်းသတ်ဆေးများကို ထိရောက်စွာဖျန်းခြင်းဖြင့် အဓိက ဆောင်ရွက်သင့်ပါတယ်။ ပေါင်းမြတ်ကင်းစင်မှသာ စပါးခင်းကိုကြဲပတ်မည့် အဟာရမြေသြဇာကို မိမိစိုက်သည့် သီးနှံမှ အလေအလွင့်နည်းစွာ ထိထိရောက်ရောက်စားသုံးနိူင်မှာဖြစ်ပါတယ်။စပါးပင်သည် ရက် ၂၀သားတွင် စတင်အပင်ပွားပြီး စပါးပင်သတ်တမ်း၏ ၆၅ရက်ကို နူတ်လိုက်ပါက ဥပမာ ၁၃၅ရက်သတ်တမ်းစပါးမျိုး ၆၅နူတ်ပါကစပါး ရက်၇၀သားတွင် အနှံသန္ဓေစတင် ဖြစ်ပေါ်ချိန် ဖြစ်၍ စပါးသတ်တမ်း ရက်၂၀သားမှ ရက် ၆၀အတွင်း အပင်ပွားရန်လိုအပ်ပြီး ထိုကာလ အတွင်းပွားသည့် စပါးပင်များသာ အနှံဖြစ်စေမည့် ပင်ပွားများ ဖြစ်ပါသည် ထိုကာလကို ကျော်လွန်၍ပွားသည့် ပင်ပွားများသည် အောင်မြင်သော အနှံကို ဖြစ်စေမှုအလွန်နည်းပါးကြောင်းသိစေလိုပါတယ်။သို့ဖြစ်ပါ၍စပါးပင် အပင်ပိုင်းကြီးထွားစေရန်နှင့်ပင်ပွားစီးစေရန် ကွန်ပေါင်းမြေသြဇာ နှင့်ပုလဲကို အိတ်ဝက်စီပေါက်၍
စပါးသက် ရက်၂၀သားမှ ရက် ၆၀ အတွင်း ၂ကြိမ် သုံးကြိမ်ခန့်ကြဲပတ်ရန် အကြံပြုလိုပါတယ်။
* နံပါတ် (၂ )အချိန် ၇၀ရက်သား(၁၃၅ရက်သားစပါးမျိုး၏)အနှံသန္ဓေစတင် ဖစ်ပေါ်ချိန်တွင် ပုလဲပါးပါးပုတ်ခြင်းဖြင့် အနှံထွက်ညီစေမှာဖြစ်ပြီး ထိုအချိန်တွင်မှ ကွန်ပေါင်းမြေသြဇာများကျွေးခြင်းသည် စပါးအထွက်နူန်းအားတိုးစေခြင်းမဖြစ်စေပါ မထိရောက်သော ဆုံးရှုံးလေလွင့်မှုမိားပြီး အကျိုးအာနိသင်ကိုအနည်းငယ်သာ ရ ရှိစေပါတယ်။စပါးပန်းပွင့်ချိန်နှင့်* နံပါတ်(၃)အချက်ဖြစ်သည့် စပါးနိူ့ရည်တည်ချိန် တွင်မည်သည်အစာမျှကျွေးခြင်းမပြုလုပ်သင့်ပါ။
နိဂုံးချူပ်၍ပြောရလျှင် စပါးပင်ပွားစီးချိန်သည် အလွန်အရေးကြီးကာလဖြစ်ကြောင်းသိရှိစေလိုပြီး အဟာရစုံ မြေသြဇာများဖြစ်သည် တောင်သူများအကြိုက် ပုလဲအိတ်ဝတ်နှင့် တောင်သူအကျိုးဖြစ်စေမည့် ကွန်ပေါင်းဓာတ်မြေသြဇာ အိတ်ဝက်ကို ရောစပ်၍ နှစ်ကြိမ် သုံးကြိမ်ခန့် ကျွေးသင့်ကြောင်း အဓိက အချက်လေးကို အကြံပြုထပ်ခါဆွေးနွေးတင်ပြလိုက်ရပါသည်။