
-မြေအစိုဓာတ်များပါက ဖြစ်တက်ပါတယ်။ကာကွယ်ရန်နှင့်ကုသရန်မှာ မဖြစ်ခင် ကာဗင်ဒါဇင်၊Benomyl ကျရောက်ပါက Azoxystrobin ဖျန်းပါ။နေပြင်းချိန်ဆေးမဖျန်းသင့်ပါ။ရေသန့်၊ေရကြည်ဖြင့် ဆေးကို အသုံးပြုပါ။ရောဂါကျရောက်နေသော အပင်များကို ထုံးပတ်၍ ဖယ်ရှားပစ်ပါ။

-ဖားဥမှိုကျရောက်ပါက Sulphur/Hexaconazole၊Benomyl ဖျန်းပါ။နေအေးချိန်ဖျန်းပါ။Sulphur သည် နေပြင်းချိန်ဖျန်းမိပါက သီးနှံ၏ အရွက်များ ေလာင်တက်ပါသည်။ရေကြည်၊ရေသန့်ဖြင့် ဆေးကိုအသုံးပြုပါ။

-သံချေးကျရောက်ပါက Propiconazole အသုံးပြုပါ။ နူန်းထားသတိပြုပါအပင်ကြီးလျှင် ကိစ္စမရှိသော်လည်း အပင်ငယ်ပါက၊နူန်းထားများလျှင် အပင်အဆစ်များ တိုသွားတက်ပြီး အပင်ကြီးထွားနူန်း လျော့သွားတက်ပါသည်။

-ဘတ်တီးရီးယား ရွက်ပြောက် ကျရောက်ပါက Copper ပါသောဆေးကို အသုံးပြုပါ။ Tribasic Copper Sulphate/Copper Oxychloride စသည့် ဆေးများအသုံးပြုပါ။အခြား ဆေးများ မရောစပ်ပဲ သီးသန့် အသုံးပြုသင့်တဲ့ ဘတ်တီးရီးယား သတ်ဆေးများ ဖြစ်ပြီး နေအေးချိန်မှာပဲ ဆေးဖျန်းသင့်ပါသည်။

-Yellow Mosaic Virus ရောဂါ ကာကွယ်ရန် နိူဝင်ဘာ ပထမပတ် အတွင်း မတ်ပဲမျိုးသန့်ကို ကြဲပတ်စိုက်ပျိုးပါက ရောဂါဖြစ်ပွားမှု လျော့ကျစေပါတယ်။၎င်း ရောဂါကျရောက်ထားသောသီးနှံမှ မျိုးမယူသင့်ပါ။ ဗိုင်းရပ်ဖြစ်သည့်အတွက် ကုသသော ဆေးမရှိေသးပါ။ စုပ်စားပိုးဖြစ်သည့် ယင်ဖြူသည် အဓိကရောဂါ သယ်ဆောင်သူ ဖြစ်၍ ပင်လုံးပြန့် ပိုးသတ်ဆေးဖြစ်သည့် Acetamiprid/Imedachloprid/Thiamethoxam စသည့် ဆေးများ အလှည့် ကျ အသုံးပြု၍ ရောဂါဖြန့်မည့် အဓိက ပိုးကိုနှိမ်နင်းခြင်းအားဖြင့် ကာကွယ်နိူင်ပါတယ်။ပင်လုံးပြန့်ပိုးသတ်ဆေးများဖြစ်သည့်အတွက် အပင်များ အစာချက်ချိန်ဖြစ်သည့် မနတ်နေရောင်ခြည်လာချိန် နှင်းကွဲချိန်မှာသာ ဖျန်းသင့်ပါတယ်။ရေကြည်ရေသန့်ဖြင့် အသုံးပြုပြီး ကော်ရည် ရောစပ်၍အသုံးပြုပါ။
နိဂုံးချုပ်အနေဖြင့် သီးနှံတွင် ရောဂါ(သို့မဟုတ်)ဖျတ်ပိုး ကျရောက်နေပါက မှန်ကန်သောဆေးကို နူန်းထားမှန်ကန်စွာဖြင့် စနစ်ကျကျ ၄ ရက်ခြား အနည်းဆုံး ၂ ကြိမ်ဖျန်းမှသာ ရောဂါပိုးမွှား ကင်းစင်ပါမည်။












